ဝမ်ယိသည် အမေရိကန် ဗျူဟာမြောက်ပုဂ္ဂိုလ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

(GMT+08:00)2023-10-29 15:47:31  

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဝါရှင်တန်မြို့တွင် အမေရိကန် ဗျူဟာမြောက်ပုဂ္ဂိုလ်များနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံ ခဲ့ပါသည်။

     ဝမ်ယိက ဆွေးနွေးပွဲ တက်ရောက်သူများမှ တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးရေး တွင် နက်ရှိုင်းစွာ ပါဝင်ပြီး ကြိုးပမ်းဆောင်ရွက်ကြခြင်းအပေါ် ချီးကျူးပါကြောင်း၊ တရုတ် နိုင်ငံသို့ လာရောက်လည်ပတ်ရန် ကြိုဆိုပြီး ဆက်လက်ပြီး ဆင်ခြင်ဉာဏ် ရှိရှိ ပြောဆိုရန်၊ တရုတ်-အမေရိကန်ဆက်ဆံမှု တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်သန်ပြီး ဆက်တိုက်ဖွံ့ဖြိုးရေး အတွက် ပိုမိုများပြားသော ဉာဏ်ပညာများဖြင့်  စွမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်း ‌ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။