တရုတ် အမျိုးသား အသိုက်အဝန်း အတွေးအခေါ်ကို အားကောင်းစေပြီး ခေတ်သစ်တွင် တရုတ် ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသား လူမျိုးစု လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်ရန် တွန်းအားပေးရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2023-10-29 12:08:17  

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များသည် ယခုလ ၂၇ရက်နေ့ ညနေပိုင်းက တရုတ် အမျိုးသား အသိုက်အဝန်း အတွေးအခေါ်ကို အားကောင်း စေရေးနှင့် ပတ်သက်၍ နဝမ အကြိမ်မြောက် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ဆွေးနွေးပွဲကို ကြီးမှူးကျင်းပရာ တရုတ် အမျိုးသား အသိုက်အဝန်း အတွေးအခေါ်ကို အားကောင်းစေရေးသည် တိုင်းရင်းသား လူမျိုးစု ပြည်သူ အားလုံးကို အေးအတူ ပူအမျှ ဖြစ်သော၊ ဆိုးတူကောင်းဖက် ဖြစ်သောနှင့် သေတူရှင်ဖက် ဖြစ်သော အသိုက်အဝန်း အတွေးအခေါ်ကို ခိုင်မာစွာ ထူထောင်ရန် ဦးဆောင်ခြင်းပင် ဖြစ်ကြောင်း၊ ပါတီ၏ တိုင်းရင်းသား လူမျိုးစု လုပ်ငန်းကို ကောင်းမွန်စေရန် အဆက်မပြတ် အားဖြည့် ဆောင် ရွက်ပြီး တိုင်းရင်းသား လူမျိုးစုများ၏ စည်းလုံးညီညွတ်ရေးနှင့် တိုးတက်ရေး လုပ်ငန်းကို ဇောက်ချ၍ တွန်းအားပေးကာ ခေတ်ကာလသစ်တွင် ပါတီ၏ တိုင်းရင်းသား လူမျိုးစု လုပ်ငန်း  ကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။