တရုတ်နိုင်ငံ၏ ပထမဆုံး အချက်အချာ ဖြစ်သည့် ကုန်တင်ကုန်ချ လေဆိပ်တွင် နိုင်ငံတကာ ကုန်တင်လေကြောင်းလိုင်း ၁၀ ခု ရှိလာ

(GMT+08:00)2023-10-29 15:48:16  

    အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၆ မိနစ်တွင်  E zhou မှ Osaka သို့ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလေကြောင်းလိုင်း တရားဝင်ဖွင့်လှစ်လိုက်သည်နှင့် အမျှ တရုတ်နိုင်ငံ၏ ပထမဆုံး အချက်အချာ ဖြစ်သော ကုန်တင်ကုန်ချလေဆိပ်ဖြစ်သည့် E zhou ဟွာဟူ-လေဆိပ်တွင် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလေကြောင်းလိုင်း စုစုပေါင်း ၁၀ ခု အထိ ရှိလာပြီး နိုင်ငံတကာကုန်စည်ပို့ဆောင်မှုစွမ်းရည် တစ်ဆင့်တက် တိုးမြင့်လာသည်ဟု သတင်းအရ သိရပါသည်။