ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2023-10-29 17:09:09  

    ယခုလ ၂၇ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံ‌ရေး ဦးဆောင်အဖွဲ့ သည် အစည်းအဝေးကို ကျင်းပရာ “ခေတ်ကာလသစ်တွင် အရှေ့မြောက်ပိုင်း ဒေသ၏ ဘက်စုံ ရှင်သန်ရေး၌ ထိုးဖောက်ကျော်လွှားမှု ရရှိရန် တစ်ဆင့်တိုး တွန်းအားပေးရေး ဆိုင်ရာ မူဝါဒနှင့် ဆောင်ရွက်ချက်များနှင့် ပတ်သက်သော အကြံပေးချက်များ”ကို စိစစ်ခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။ အရှေ့မြောက်ပိုင်း ဒေသ ရှင်သန်ရေးကို တွန်းအားပေးခြင်းသည် ပါတီ ဗဟို ကော်မတီ၏ အရေးကြီး မဟာဗျူဟာမြောက် မူဝါဒ ချမှတ်ရေး ဖြစ်ကြောင်း ၄င်းအစည်းအဝေးတွင် ထောက်ပြခဲ့ပါသည်။