အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စီးပွားဖြစ် လည်ပတ်မည့် အချိန်တွင် အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Budi Karya Sumadi က China Media Group သတင်းထောက်၏ အင်တာဗျူးကို လက်ခံခဲ့ရာ အင်ဒိုနီးရှားသမ္မတ Joko Widodo သည် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို “Whoosh” ဟု အမည်ပေးခဲ့ခြင်းမှာ အထူးအဓိပ္ပာယ်ရှိကြောင်း၊ အဆိုပါ စာလုံး ၆ လုံးသည် အင်ဒိုနီးရှား ယဉ်ကျေးမှုတွင် အချိန် ချွေတာခြင်း၊ အကျိုးသက်ရောက်မှုရှိခြင်းနှင့် ခေတ်မီခြင်းကို ကိုယ်စားပြုကြောင်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသား နာမည်ကတ် အသစ် ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံတို့ ပူးပေါင်း တည်ဆောက်ထားသော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် စုစုပေါင်း အရှည် အလျား ၁၄၂.၃ ကီလိုမီတာရှိပြီး အမြင့်ဆုံး ပြေးဆွဲနှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြစ်သည်။ အင်ဒိုနီးရှားသမ္မတ Joko Widodo နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဘူဒီတို့ အပါအဝင် အလွှာပေါင်းစုံမှ အင်ဒိုနီးရှား ပြည်သူများသည် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားကို စမ်းသပ်စီးခဲ့ကြသည်။