နိုင်ငံတကာမှ ပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံ၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုများကို ချီးကျုး

(GMT+08:00)2023-10-02 15:40:34  

ယခုရက်များတွင် နိုင်ငံတကာရှိ တရုတ်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ပွဲအခမ်းအနားများကို ကျင်းပခဲ့ကြပါသည်။ ၎င်းအခမ်းအနားများသို့ တက်ရောက်ခဲ့ကြသော နိုင်ငံများစွာမှ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံ၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုများကို ချီးကျုးခဲ့ကြပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် နက်ရှိုင်းစေရန်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ခဲ့ကြပါသည်။

မြန်မာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “Belt and Road” အဆိုပြုချက်သည် စီးပွားရေးတိုးတက်မှု၊ ဘုံသာယာဝပြောမှု၊ ကြွယ်ဝမှုနှင့်တိုးတက်မှုများ အတူမျှဝေခြင်းကို တွန်းအားပေးကြောင်း၊ မြန်မာနှင့် တရုတ်နှစ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ပြီး ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်ထိန်းသိမ်းထား၍ အနာဂတ်တွင် နှစ်နိုင်ငံအကြား ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိ မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။