အောက်တိုဘာလ ၁ ရက်နေ့က အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ၇၄ ကြိမ်မြောက် နိုင်ငံတကာ အာကာသ ကွန်ဂရက် (International Astronautical Congress) ကို စတင်ကျင်းပခဲ့ရာ နိုင်ငံတကာ အာကာသ အကယ်ဒမီ(International Academy of Astronautics) ဥက္ကဋ္ဌ ရှူမာ့ဟ် နှင့် အခြားသော သိပ္ပံပညာရှင်များသည် တရုတ် Chang'e-5 အဖွဲ့အား "Lawrence Team Award" ဆု ကို ချီးမြှင့်ခဲ့သည်။ Chang'e-5 ၏ အဖွဲ့ချုပ် Hu Hao နှင့် အခြားအဖွဲ့ဝင်များသည် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး Chang'e-5 ၏ လကမ္ဘာဆိုင်ရာ သိပ္ပံနည်းပညာ သုတေသန နမူနာများအတွက် ပြည်ပနိုင်ငံ လျှောက်ထားချက်များ မကြာခင်မှာ တံခါးဖွင့်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးမှ သိပ္ပံပညာရှင်များ ပါဝင်ပြီး သုတေသနပြုကာ အောင်ကျိုး ရလဒ်များကို အတူတကွ မျှဝေရန် ကြိုဆိုကြောင်း ကြေညာခဲ့ပါသည်။
Chang'e-5 အဖွဲ့သည် IAA မှ အမြင့်ဆုံးဂုဏ်ပြုဆု ရရှိ
(GMT+08:00)2023-10-02 15:15:41