တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ Fuyang Yinhu Sports Center ကွင်း၌ ယနေ့နံနက် ဒေသစံတော်ချိန် (၉) နာရီက ကျင်းပသည့် မြားပစ်အားကစားနည်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ သီဟထက်ဇော်က မြားပစ်(အမျိုးသား) Recurve အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်ကစားသမား (၈၄) ဦးအနက် စုစုပေါင်းရမှတ် (၆၃၉) မှတ်၊ အဆင့် (၃၀) ဖြင့်လည်းကောင်း၊ ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် ပြည့်စုံနှင်းက မြားပစ်(အမျိုးသမီး) Recurve အားကစားနည်းတွင် ဆက်လက်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် (၈၄) ဦးအနက် စုစုပေါင်းရမှတ် (၅၇၈) မှတ် အဆင့် (၆၃) ဖြင့်လည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။
ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် မြန်မာ မြားပစ် အားကစားသမားများဝင်ရောက်ယှဉ်ပြိုင်
(GMT+08:00)2023-10-02 15:17:37