“လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် လမုန့်ပွဲတော်ဖျော်ဖြေပွဲ မန္တလေးမြို့၌ ကျင်းပ

(GMT+08:00)2023-10-02 15:18:24  

၂၀၂၃ ခုနှစ် “လှပသောပန်းများနှင့်လပြည့်နေ့” နိုင်ငံဖြတ်ကျော် လမုန့်ပွဲတော် ဖျော်ဖြေပွဲကို စက်တင်ဘာလ ၃၀ရက်နေ့ညတွင် မြန်မာနိုင်ငံ မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယူနန်ပြည်နယ်မှ အနုပညာရှင် ၅၀ ကျော်သည် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများနှင့် အတူ စိတ်လှုပ်ရှားဖွယ်ကောင်းသော အစီအစဉ်များကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။