အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ရွှေလီ-မူဆယ်နယ်စပ်ဂိတ်တွင် passport ဖြင့်ဖြတ်သန်းသွားလာရေး စတင်စမ်းသပ်

(GMT+08:00)2023-09-29 16:46:45  

တရုတ်-မြန်မာနှစ်နိုင်ငံ၏ သဘောတူညီမှုအရ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ရွှေလီ-မူဆယ်နယ်စပ်ဂိတ်တွင် passport ဖြင့်ဖြတ်သန်းသွားလာရေးကို စတင်စမ်းသပ် ဆောင်ရွက်မည်ဖြစ်သည်။စမ်းသပ်ကာလအတွင်း တရုတ်နှင့် မြန်မာ နိုင်ငံသားများသည် ရွှေလီ-မူဆယ် နယ်စပ် စစ်ဆေးရေးဂိတ်မှတစ်ဆင့် တရားဝင်passport နှင့် ဗီဇာများ ဖြင့် ဝင်ထွက်သွားလာနိုင်သည်။ လက်ရှိတွင် စီးပွားရေးလုပ်ငန်းဗီဇာကိုင်ဆောင်သူများအား သက်ဆိုင်ရာဂိတ်များမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုထားသည်။ အခြားဗီဇာအမျိုးအစားများအတွက် စတင်ချိန်ကို နောက်မှာ အကြောင်းကြားမည်ဖြစ်ပြီး တရုတ်နိုင်ငံသားများသည် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သို့မဟုတ်ကောင်စစ်ဝန်ရုံးများမှ မြန်မာနိုင်ငံသို့ ဗီဇာ လျှောက်ထားပြီး ရွှေလီ-မူဆယ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဟု ကြိုတင် အသိပေးရန် လိုအပ်ပါသည်။