ရန်ကုန်မြို့တွင် တရုတ်-မြန်မာအနုပညာရှင်များ ပူးပေါင်းပြီး "ပန်းကောင်းလပြည့်" လမုန့်ပွဲတော်ဖျော်ဖြေပွဲကျင်းပပြီး "Belt and Road" အောင်မြင်မှုများပြသ

(GMT+08:00)2023-09-29 16:46:07  

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ည လမုန့်ပွဲတော်အကြိုနေ့ညတွင် မြန်မာနိုင်ငံရန်ကုန်မြို့၌ ၂၀၂၃ခုနှစ် "ပန်းကောင်းလပြည့်" နိုင်ငံဖြတ်ကျော်လမုန့်ပွဲတော် အထူးဖျော်ဖြေတင်ဆက်မှုပြုလုပ် ခဲ့ပါသည်။ တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံမှ အနုပညာရှင် ၅၀ ကျော်တို့သည် လမုန့်ပွဲတော်တွင် ပြည်ပရောက် တရုတ်အနွယ်ဖွားများနှင့် မြန်မာလူမျိုးများအား ဂုဏ်ပြု ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ "Belt and Road" ပူးပေါင်းတည်ဆောက်ရေး အဆိုပြုချက်မှ ချစ်ကြည်ရေးပန်းများနှင့် များပြားသော အောင်သီးအောင်နှံများ ကို  ဖော်ကျူးခဲ့ကြပါသည်။