စတုတ္ထအကြိမ်မြောက် အာဆီယံ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ တရားဝင်စတင် ကျင်းပခြင်း

(GMT+08:00)2023-09-19 13:21:49  

“Connection for A Better Future” ခေါင်းစဉ်နဲ့ စတုတ္ထကြိမ်မြောက် အာဆီယံ- တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗွီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၄ ရက်နေ့၌ အွန်လိုင်းအော့ဖ်လိုင်း ပူးတွဲစနစ်ဖြင့် ကျင်းပခဲ့ပါတယ်။ အာဆီယံဒုတိယအတွင်းရေးမှူးချုပ် Mr. Ekkaphab Phanthavong၊ အာဆီယံ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့်၊ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟိုယန့်ချီ (Hou Yanqi) အစရှိသော ဧည့်သည်တော်များ၊ ယခင်နှစ်များက ဆုရရှိသူများနှင့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ 

ပြိုင်ပွဲကဏ္ဍ နှစ်ရပ်ခွဲထားပြီး “Nurturing Nature Nurturing Future” ၊ “Charming Silk Road, Our Stories” ၊ “Falling in love with ASEAN and China” ၊ “Innovation and Digital Life” ခေါင်းစဉ်များအပါအဝင် အာဆီယံ-တရုတ် ပြည်သူလူထုအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု အစရှိသော သက်ဆိုင်ရာခေါင်းစဉ်များကို စုစည်း ထားပြီး ပုံစံမျိုးစုံ၊ ဘာသာစကားမျိုးစုံနဲ့ ဖန်တီးထားသော ဗွီဒီယိုဇာတ်လမ်းတိုများဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံအသီးသီးရဲ့ယဉ်ကျေးမှုဖလှယ်ရေးအား မြှင့်တင်ပေးပြီး တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်သွားရန် ရည်ရွယ်ထားပါတယ်။

     အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က ယခုနှစ်ကျင်းပသော ပြိုင်ပွဲဟာ ယခင်နှစ်များထက် ပိုမိုအရေးပါသော အကျိုးသက်ရောက်မှုရှိကြောင်း၊ ယင်းပြိုင်ပွဲဟာ ၂၀၂၄ ခုနှစ် “အာဆီယံ-တရုတ် ယဉ်ကျေးမှုဖလှယ်ရေးနှစ်”၏အခြေခံအုတ်မြစ်ချရေးအပေါ် အထောက်အကူရှိကြောင်း၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူငယ်၊ ခရီးသွားနှင့် အားကစားကဏ္ဍ စသည့်နယ်ပယ်များတွင် နှစ်ဖက် အကြား ကူးလူးဖလှယ်ရေးကို တိုးမြှင့်ပေးနိုင်ကြောင်း ဖော်ပြသွားပါတယ်။

အာဆီယံ-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗွီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့သော စီမံကိန်းတစ်ခုအနေဖြင့် ၂၀၂၀ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း ဗွီဒီယိုဇာတ်လမ်းတို ၇၀၀၀၀ ကျော် လက်ခံရရှိခဲ့ပါတယ်။ မိသားစုခေါင်းစဉ် ၅ ခု စုစည်းတင်ပြကာ နိုင်ငံ ၁၁ နိုင်ငံက ပြည်သူလူထုများရဲ့အမြင်ရှုထောင့်မှတစ်ဆင့် တရုတ်-အာဆီယံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးများထဲက သာမန်မဟုတ်သော ဇာတ်လမ်းများကို မှတ်တမ်းတင် ရိုက်ကူးကာ တရုတ်-အာဆီယံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် မှတ်တမ်းဗွီဒီယိုချန်ရစ်ထားဖို့သည် နှစ်ဖက် ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၏အမှတ်တံဆိပ်ကဲ့သို့ အစီအစဉ် တစ်ခုဖြစ်နေပါပြီ။