အွန်လိုင်း ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ၁၇၉ဦးကို လာအိုမှ တရုတ်သို့ ပို့ဆောင်

(GMT+08:00)2023-09-12 17:06:54  

လာအိုရဲတပ်ဖွဲ့သည် အွန်လိုင်း ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ ၁၆၄ဦးကို ဖမ်းဆီးပြီး စက်တင်ဘာလ ၁၁ရက်နေ့ ညနေပိုင်းက ဟိုပေ၊ ဟိုနန်နှင့် ချုံချင့်စသည့်မြို့များမှ ပြည်သူ့လုံခြုံရေးဌာနများထံသို့ လွှဲပြောင်းပေးအပ်ကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ပါသည်။ တရုတ်အမ်ဟွေပြည်သူ့လုံခြုံရေးဌာနထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် သံသယရှိသူ ၁၅ဦးအပါအဝင် တရုတ်-လာအိုရဲတပ်ဖွဲ့များသည် ပူးပေါင်းဆောင်ရွက်ပြီး အွန်လိုင်း ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်ကြောင်း သံသယရှိသူ စုစုပေါင်း ၁၇၉ဦးကို ဖမ်းဆီးကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။