၁၄ ကြိမ်မြောက် မဟာ မဲခေါင်မြစ် ဒေသခွဲ မူးယစ်ဆေးဝါး တိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MOU) စာချုပ်အဖွဲ့ဝင်နိုင်ငံ ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00)2023-09-07 11:32:55  

     တရုတ်အစိုးရက ဦးစီးကျင်းပသော ၁၄ ကြိမ်မြောက် မဟာ မဲခေါင်မြစ် ဒေသခွဲ မူးယစ်ဆေးဝါး တိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MOU) စာချုပ်အဖွဲ့ဝင်နိုင်ငံ ဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၆ ရက်နေ့က ဘေကျင်း၌ ကျင်းပခဲ့ပါသည်။

   MOU ယန္တရားသည် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်မှုရေးရာရုံးတို့ ဒေသတွင်း ပြင်းထန်ဆိုးဝါးသော မူးယစ်ဆေးဝါး ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် လက်တွဲ တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

   စာချုပ်အဖွဲ့ ဝင် ၆ နိုင်ငံမှ အစိုးရ ကိုယ်စားလှယ်အဖွဲ့များ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်မှုရေးရာရုံးမှ ကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံရှိ သက်ဆိုင်ရာနိုင်ငံမှ သံတမန် အရာရှိများ စုစုပေါင်း လူ ၈၀ ကျော်တို့သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။