လီချန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနိုင်နှင့် တွေ့ဆုံ

(GMT+08:00)2023-09-07 15:55:08  

ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ဂျကာတာမြို့၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုထိပ်သီးခေါင်းဆောင်များအစည်းအဝေးများကိုတက်ရောက်စဉ်အတွင်းကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနိုင်နှင့် တွေ့ဆုံဆွေးနွေးပွဲကိုပြုလုပ်ခဲ့ပါသည်။

လီချန်ကတရုတ်နှင့် ကမ္ဘောဒီးယားဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေများပြောင်းလဲမှုများကိုခံနိုင်ခဲ့ပြီးအစဉ်တစိုက် ခိုင်ခံ့ကာအမျိုးအစားသစ် နိုင်ငံတကာဆက်ဆံရေး၏ စံနမူနာကောင်းကိုထူပြခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်အားကိုးရသောပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဖြစ်ပြီးယခင်ကလိုပင် ကမ္ဘာဒီးယားကကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသောဖွံ့ဖြိုးရေးလမ်းကြောင်း လျှောက်လှမ်းခြင်းကိုပြတ်ပြတ်သားသားထောက်ခံမည် ဖြစ်ပြီးကမ္ဘောဒီးယားကနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အရေး၊ အကျိုးစီးပွားများထိန်းသိမ်းကာကွယ်ခြင်းကိုပြတ်ပြတ်သားသားထောက်ခံမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဟွန်မာနိုင်ကတရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ မိတ်ဆွေကောင်းနှင့် ယုံကြည် အားကိုးရသောမိတ်ဖက်ကောင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားအစိုးရသစ် အနေနှင့် နှစ်နိုင်ငံဆက်ဆံမှု၏ မူနှင့် မူဘောင်များကိုဆက်လက် စွဲကိုင်သွားမည် ဖြစ်ပြီးတရုတ်နိုင်ငံနှင့်အတူနယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကိုတွန်းအားပေးမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။