လီချန်သည် ၂၆ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ဂျပန်၊ တောင်ကိုရီးယား (၁၀+၃) ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကိုတက်ရောက်

(GMT+08:00)2023-09-07 15:56:22  

တရုတ် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့၌ ၂၆ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ဂျပန်၊ တောင်ကိုရီးယား(၁၀+၃)ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

လီချန်ကအာဆီယံနှင့် တရုတ်၊ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများသည် ဘုံရပ်ရွာ၊ ဘုံအကျိုးစီးပွားနှင့် ဘုံအခွင့်အလမ်းများရှိကြောင်း၊ အာရှ ငြိမ်းချမ်းစွာတိုးတက်ရေးဆိုင်ရာဘုံအကျိုးစီးပွားအပေါ် မူတည်ပြီး(၁၀+၃) ယန္တရား၏ ပူးပေါင်းဆောင်ရွက်ရေးအခြေခံများပိုမိုခိုင်ခံ့လာအောင် အဆက်မပြတ် ဆောင်ရွက်ပြီးအမျိုးမျိုးသာအန္တရာယ် စိန်ခေါ်မှုများကိုလက်တွဲရင်ဆိုင်၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကိုလက်တွဲတွန်းအားပေးကာအာရှ ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးကိုတွန်းအားပေးရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

လီချန်ကတရုတ်နိုင်ငံသည် ဘက်အသီးသီးနှင့်အတူ(၁၀+၃) ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစီမံကိန်းသစ် ဖော်ဆောင်ခြင်းကိုအခွင့်ကောင်းအဖြစ် ထားပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုလက်တွဲတည်ဆောက်ခြင်းနှင့် ပတ်သက်ပြီးအောက်ပါ အကြောင်းကိစ္စသုံးခုကိုအဓိကထားကောင်းမွန်အောင် ဆောင်ရွက်လိုပါကြောင်း၊ ယင်းတို့သည် ဒေသတွင်းစီးပွားရေးတစ်ပြေးညီဖြစ်စဉ်ကိုဆက်လက် တွန်းအားပေးရန်၊ ဒေသတွင်းကုန်ထုတ်လုပ်မှုများလုပ်ငန်းတာဝန်ခွဲဝေပူးပေါင်းဆောင်ရွက်ရေးကိုဆက်လက် ဇောက်ချ ပြုလုပ်ရန်နှင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်ခြင်း၏ ဦးစီးအခန်းကဏ္ဍကိုဆက်လက် တွန်းအားပေးရန်တို့ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။