လီချန်သည် တရုတ်-အိန္ဒိယ-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားကို လေ့လာကြည့်ရှု

(GMT+08:00)2023-09-07 11:34:00  

ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်နေသော တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် တရုတ်-အိန္ဒိယ-အင်ဒိုနီးရှား ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားကို လေ့လာကြည့်ရှုခဲ့ပါသည်။

လီချန်က အရှေ့တောင်အာရှ၌ ပထမဆုံးသော မြန်နှုန်းမြင့်ရထား ဖြစ်သည့် ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုတို့ ကိုယ်တိုင် အလေးထား တွန်းအားပေးခဲ့ကြသည့် တရုတ်-အိန္ဒိယ-အင်ဒိုနီးရှားတို့ Belt and Road အတူ တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရေးကြီးသည့် ပရောဂျက် ဖြစ်ပြီး အင်ဒိုနီးရှား ပြည်သူများ၏ သာယာလှပသော နေထိုင်မှုဘဝ အပေါ် မျှော်လင့်ချက် ထားရှိရာ ဖြစ်ရုံသာမက ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ ခေတ်မီရေးသို့ လက်တွဲ လျှောက်လှမ်းရန် အောင်မြင်သည့် နမူနာကောင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။