လီချန်သည် ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကိုတက်ရောက်

(GMT+08:00)2023-09-07 15:55:40  

တရုတ် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့၌ ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁)ထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

လီချန်သည် ပိုမိုရင်းနှီးသောတရုတ်-အာဆီယံကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးနှင့် ပတ်သက်ပြီးအချက် လေးချက်ကိုအဆိုပြုခဲ့ပါသည်။ ယင်းတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစင်တာကိုလက်တွဲတည်ဆောက်ပြီးအပြန်အလှန် ဆက်သွယ်မှုကိုတွန်းအားပေး၍ ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ကုန်ပစ္စည်းများထောက်ပံ့မှုကွင်းဆက် ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုနက်ရှိုင်းစေရန်၊ ထွန်းသစ်စလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုကိုလက်တွဲတွန်းအားပေးပြီးစွမ်းအင်သစ်သုံးမော်တော်ယာဉ်၊ photovoltaic ၊AI စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန်၊ ဒေသတွင်းအေးချမ်းတည်ငြိမ်ရေးကိုလက်တွဲထိန်းသိမ်းကာကွယ်ပြီးတောင်ပင်လယ်ဆိုင်ရာဆောင်ရွက်ချက်မူစာတမ်းများတိုင်ပင်ဆွေးနွေးမှုကိုတက်ကြွစွာတွန်းအားပေး၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်နှင့် လူမှုရေး၊ ယဉ်ကျေးမှုကူးလူးဖလှယ်ရေးကိုလက်တွဲတိုးချဲ့ပြီးယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ပညာပေးလေ့ကျင့်ပျိုးထောင်ရေး၊ လူငယ်ရေးရာစသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်ရန်တို့ ဖြစ်ပါသည်။