၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး သဘာပတိ ကြေညာချက်ကို အာဆီယံ ထုတ်ပြန်

(GMT+08:00)2023-09-07 11:33:33  

ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့တွင် အာဆီယံ အတွင်းရေးမှူးဌာနသည် ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး သဘာပတိ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။

ယင်းကြေညာချက်တွင် အာဆီယံသည် ယနေ့ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမြုတေကျသည့် နေရာကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အာဆီယံ၏ စွမ်းရည်နှင့် အကျိုးသက်ရောက်မှုများကို အားဖြည့် တိုးမြှင့်မည် ဖြစ်ကြောင်း၊ အာဆီယံသည် ဘက်ပေါင်းစုံဝါဒ ထိန်းသိမ်းကာကွယ်ရေးကို ပြတ်ပြတ်သားသား ထောက်ခံပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးကို ထိန်းသိမ်း တိုးမြှင့်ကာ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်က ၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ အဖြစ် ထမ်းဆောင် ရန်နှင့် ဂျာကာတာရှိ အာဆီယံရုံးကို အာဆီယံ ရုံးချုပ်အဖြစ် အမည်ပြောင်းလဲသတ်မှတ်ရန် အာဆီယံက သဘော တူပါကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားပါသည်။