လီချန်သည် တရုတ်-အင်ဒိုနီးရှား စက်မှုနှင့် ကုန်သွယ်ရေး လောက ညစာစားပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြား

(GMT+08:00)2023-09-06 15:46:11  

ဒေသ စံတော်ချိန် ယခုလ ၅ရက်နေ့ ညက တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဂျာကာတာမြို့တွင် တရုတ်-အင်ဒိုနီးရှား စက်မှုနှင့် ကုန်သွယ်ရေး လောက ညစာစားပွဲသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှု ဦးဆောင်သူ၊  အဏ္ဏဝါရေးရာနှင့် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီး Luhut Binsar Pandjaitanနှင့် နှစ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေး လောကမှ ကိုယ်စားလှယ် ၂၀၀ခန့်တို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လီချန်က အမှာစကား ပြောကြားရာတွင် တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ အကြား အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ရှေ့အလားအလာ များစွာ ရှိကြောင်း၊ တရုတ်ပြည်သည် အင်ဒိုနီးရှားနှင့် အတူ မြစိမ်းရောင် စွမ်းအင်၊ ဒီဂျစ်တယ် စီးပွားရေး၊ ဇီဝ ဆေးဝါးကုသရေး၊ A.Iစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် ဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများ အကြား အဆင့်မြင့် ဆန်းသစ်တီထွင်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး နှစ်နိုင်ငံတို့၏  ဖွံ့ဖြိုးတိုးတက်မှုများကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Luhutက အင်ဒိုနီးရှားနှင့် တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် အင်ဒိုနီးရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ တွန်းအားပေးပြီး အပြန်အလှန် အကျိုးရှိစေရေးနှင့် WIN-WINကို အကောင်အထည်ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။