အကောက်ခွန် စစ်ဆေးမှု ပြီးစီးရန် မိနစ် ၂၀ သာ ကြာတဲ့ တရုတ်ပြည်ထုတ် EV ကားများ မြန်မာနိုင်ငံသို့ အသုတ်လိုက် တင်ပို့

(GMT+08:00)2023-09-02 17:07:20  

ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီတွင် တရုတ်ပြည်ထုတ် EV ကား အစီး ၅၀ကို တင်ဆောင်ထားသော နောက်တွဲယာဉ်များသည် ဝမ်ဒင်း နယ်စပ်ဂိတ် စစ်ဆေးရေးဇုန်အတွင်းသို့ တစ်စီးပြီးတစ်စီး မောင်းနှင်ဝင်ရောက်ခဲ့သည်။ အကောက်ခွန်ဌာနသို့ လျှောက်လွှာတင်ခြင်းမှ စစ်ဆေးမှု အပြီးသတ်သည့်အထိ မိနစ် ၂၀ သာ အချိန်ယူရပြီး အကောက်ခွန် စစ်ဆေး မှုသည် မျှော်မှန်းထားသည်ထက် များစွာ ပိုမို လျင်မြန်ကြောင်း ပို့ကုန်ကုမ္ပဏီမှ တာဝန်ခံ Zhao De က ပြောသည်။

ယခုနှစ်အတွင်း ယူနန်ပြည်နယ် ဝမ်ဒင်း နယ်စပ်ဂိတ်တွင် အဝင်အထွက် လူ ဦးရေ စုစုပေါင်း ၁ သိန်း ၇ ထောင်ရှိပြီး သွင်းကုန်ပို့ကုန်ပမာဏစုစုပေါင်း တန်ချိန် ၁.၂၁၇၂ သန်း ရှိ ကာ အလားတူအချိန်ပိုင်းကထက် ၇၃ ရာခိုင်နှုန်း တိုးလာပြီး သွင်းကုန်ပို့ကုန် စုစုပေါင်းတန်ဖိုး ယွမ် ၉.၀၅၄ ဘီလီယံ ရှိသည်။