၁၄ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးကို လာမည့်သီတင်းပတ်တွင် ကျင်းပမည်

(GMT+08:00)2023-09-02 17:05:16  

စက်တင်ဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် သည် ပုံမှန် သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ ဝမ်ဝင်ပင် က ၁၄ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဘေကျင်း၌ ကျင်းပမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်အဖွဲ့များနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်မှုဆိုင်ရာရုံးမှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း၊ ယခုအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးသည် ယင်းယန္တရား တည်ထောင်ခြင်း နှစ် ၃၀ ပြည့် ဖြစ်သဖြင့်  ယန္တရား၏ အနာဂတ် ဦးတည်ချက်ကို ချမှတ်ရန်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု မြှင့်တင်ရေး တို့အတွက် အရေးကြီးသော အဓိပ္ပါယ် ပါရှိကြောင်း ပြောကြားပါသည်။