ဆောင်းပါးပြိုင်ပွဲဆိုင်ရာ

(GMT+08:00)2023-08-29 14:23:05  

ဆောင်းပါးပြိုင်ပွဲဆိုင်ရာ


ဆောင်းပါးပြိုင်ပွဲဝင်များ အနေနဲ့

    ကိုယ်ပိုင်ရေးသားပုံဖော်ထားသော ဆောင်းပါးနှင့်အတူ ကိုယ်တိုင်ရိုက်ကူး (သို့) ဖန်တီးထားတဲ့ အမှတ်တရဖြစ်စေသော ပုံကိုပါ ထည့်သွင်းပေးပို့ရမည် ဖြစ်ပါသည်။

    ဆောင်းပါးအတွက် စာမျက်နှာအရေအတွက်ကန့်သတ်ခြင်းမရှိပါ၊ ပုံသည်ဓာတ်ပုံ၊ ပန်းချီ စသည်ဖြင့် မိမိနှစ်သက်ရာ ကိုယ်ပိုင်ပုံကို ထည့်သွင်း ပေးပို့နိုင်ပါသည်။ ပုံ၏အရည်အသွေးမှာ 1-megabyte ထက်မနည်းရပါ။

     မြန်မာဘာသာစကား (သို့) မြန်မာ-တရုတ်ဘာသာစကား (၂) မျိုးလုံးဖြစ်ဝင်ရောက်ယှဥ်ပြိုင်လို့ရပါသည်။

    ပါဝင်ယှဉ်ပြိုင်သည့် ဆောင်းပါးနှင့် ပုံသည် မိမိကိုယ်တိုင်ရေးသားထားခြင်း ဖြစ်ရပါမည်။ တစ်ပါးသူဆီမှ ကူးယူဖော်ပြခြင်း၊ မှီငြမ်းဖော်ပြခြင်းများ ပြုလုပ်ထားသော ဆောင်းပါးများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

    ပါဝင်ယှဉ်ပြိုင်သူများသည် ပြိုင်ပွဲဝင်လျှောက်လွှာကို မဖြစ်မနေ ဖြည့်သွင်းပေးရမည်ဖြစ်ပြီး လျှောက်လွှာ မဖြည့်သွင်းထားဘဲ ရောက်ရှိလာသည့် ဗီဒီယို/ဆောင်းပါး များကိုထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

    ပြိုင်ပွဲဝင် လျှောက်လွှာများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီအထိသာ လက်ခံ မည်ဖြစ်ပါသည်။

    ပေးပို့သူကြောင့် ဖြစ်ပေါ်လာသည့် မူပိုင်ခွင့်ပြဿနာများကို ပြိုင်ပွဲကျင်းပရေးကော်မတီဘက်မှ တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။

    အသုံးပြုရန်အတွက် ရွေးချယ်ခြင်းခံရသည့် ဗီဒီယို၊ဆောင်းပါးနှင့် ပုံများအား ထုတ်လွှင့်မှုဆိုင်ရာမူဝါဒအရ ပြိုင်ပွဲကျင်းပရေးကော်မတီမှ အလျဉ်းသင့်သလို ပြန်လည်တည်းဖြတ်ခွင့်၊ ပြင်ဆင်၊ ဖြန့်ဝေ၊ ပူးပေါင်းတင်ဆက် ပြသခွင့်ရှိပါသည်။

 ပြိုင်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။