ဗီဒီယိုပြိုင်ပွဲဆိုင်ရာ

(GMT+08:00)2023-08-29 14:34:02  

ဗီဒီယိုပြိုင်ပွဲဆိုင်ရာ

ဗီဒီယိုအတိုပြိုင်ပွဲဝင်များအနေနဲ့

    ပြိုင်ပွဲဝင်လက်ရာ ဗီဒီယိုသည် မိမိ၏ကိုယ်ပိုင်လက်ရာဖြစ်ရပါမည်။ တစ်ပါးသူဆီမှ ကူးယူဖော်ပြခြင်း၊ မှီငြမ်းဖော်ပြခြင်းများ ပြုလုပ်ထားသော ဗီဒီယိုများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

    ရုပ်အားဖြင့်၊ အသံအားဖြင့် ကြည်လင်ပြတ်သားသော ဗီဒီယို ဖြစ်ရပါမည်။

    အလင်းပြန်ခြင်း၊ မှောင်ခြင်း၊ မှုန်ဝါးနေခြင်း၊ ဘေးပတ်ဝန်းကျင် အသံများဆူညံနေခြင်း၊ အသံတိုးနေခြင်းစသည့် အချက်များနှင့် ကင်းလွတ်သည့် ဗီဒီယို ဖြစ်ရပါမည်။

    ပြိုင်ပွဲဝင် ဗီဒီယိုအတွက် ကြာချိန် ၁ မိနစ်ခွဲမှ ၅ မိနစ်အတွင်း ဖြစ်ပြီး ရိုက်ကူးရာတွင် HD 16:9 Landscape version MP4 Format ဖြင့် ရိုက်ကူးရမည် ဖြစ်ပါသည်။

    မြန်မာဘာသာစကား (သို့) မြန်မာ-တရုတ်ဘာသာစကား (၂) မျိုးလုံးဖြစ်ဝင်ရောက်ယှဥ်ပြိုင်လို့ရပါသည်။

    ပါဝင်ယှဉ်ပြိုင်သူများသည် ပြိုင်ပွဲဝင်လျှောက်လွှာကို မဖြစ်မနေ ဖြည့်သွင်းပေးရမည်ဖြစ်ပြီး လျှောက်လွှာ မဖြည့်သွင်းထားဘဲ ရောက်ရှိလာသည့် ဗီဒီယို/ဆောင်းပါးများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

    ပြိုင်ပွဲဝင် လျှောက်လွှာများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီအထိသာ လက်ခံမည်ဖြစ်ပါသည်။

    ပေးပို့သူကြောင့် ဖြစ်ပေါ်လာသည့် မူပိုင်ခွင့်ပြဿနာများကို ပြိုင်ပွဲကျင်းပရေးကော်မတီဘက်မှ တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။

    အသုံးပြုရန်အတွက် ရွေးချယ်ခြင်းခံရသည့် ဗီဒီယို၊ဆောင်းပါးနှင့် ပုံများအား ထုတ်လွှင့်မှုဆိုင်ရာမူဝါဒအရ ပြိုင်ပွဲကျင်းပရေးကော်မတီမှ အလျဉ်းသင့်သလို ပြန်လည်တည်းဖြတ်ခွင့်၊ ပြင်ဆင်၊ ဖြန့်ဝေ၊ ပူးပေါင်းတင်ဆက် ပြသခွင့်ရှိပါသည်။

    ပြိုင်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။