ပြိုင်ပွဲအကြောင်းအရာများ

(GMT+08:00)2023-08-29 14:10:19  

ပြိုင်ပွဲအကြောင်းအရာများ

ပြိုင်ပွဲအကြောင်း

“မှတ်မိစွဲထင် တရုတ်ခရီးစဉ်” ဗီဒီယိုအတိုပြိုင်ပွဲနှင့် ဆောင်းပါးဓာတ်ပုံပြိုင်ပွဲသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group Myanmar မှ ဦးစီးကျင်းပပြီး Belt and Road Initiative အဆိုပြုချက် ၁၀ နှစ်  ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်ပယ်အသီးသီးမှ ပူးပေါင်း‌ရေးမြှင့်တင်ခြင်း၊ နှစ်နိုင်ငံလူမှု၊ ယဥ်ကျေးမှုဖလှယ်ခြင်းတို့  ပြန်လည် မြင့်မားလာခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်ပါသည်။

ပြိုင်ပွဲအစီအစဉ် နှင့် ကန့်သတ်ချက်များ

တရုတ်နိုင်ငံတွင်ကျောင်းတက်၊ပညာတော်သင်ခဲ့သည့်မြန်မာကျောင်းသား/သူ (သို့) လေ့လာတက်ရောက်နေဆဲ မြန်မာကျောင်းသား/သူ များသည် ပြိုင်ပွဲအမျိုးအစား () မျိုးစလုံးကို အရေအတွက် အကန့်အသတ်မရှိ ပါဝင် ယှဥ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲဝင်အကြောင်းအရာ ဖန်တီးရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဥ်ကျေးမှု ၊ လူမှုရေး ၊ စီးပွားရေး (သို့) ချစ်ကြည်ရေးဖြင့် ဇာတ်လမ်းတို၊ ခရီးသွားမှတ်တမ်း၊ အဆိုအက ၊ကဗျာ စသည်ဖြင့် မိမိနှစ်သက်ရာရွေးချယ် ဖန်တီးနိုင်ပါသည်။

ပြိုင်ပွဲကို “မှတ်မိစွဲထင် တရုတ်ခရီးစဉ်” ခေါင်းစဉ်ဖြင့် ယနေ့မှစတင်၍ CRI Myanmar Facebook Page တွင် ပြိုင်ပွဲကို ဖွင့်လှစ်ကြေညာသွားမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်လျှောက်လွှာများကို ယနေ့မစတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ လက်ခံပေးသွားမည်ဖြစ်ပြီး ပရိသတ်အနှစ်သက်ဆုံးဆု People Choice Award ရွေးချယ်ခြင်းကို အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်နေ့အတွင်း CRI Myanmar Facebook Page တွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ဆုရရှိသူများကို နိုဝင်ဘာလအတွင်းကြေညာပေးသွားမည် ဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအတွက် တိုက်ရိုက်လျှောက်လွှာလင့်ခ်:  https://forms.gle/ZR4VqX3yLuCjxUjn9

Email, Viber, Telegram တို့မှ လျှောက်ထားလိုသူများအတွက် ပြိုင်ပွဲ၀င်ဖောင်ရယူရန်လင့်ခ်: https://drive.google.com/file/d/1EQqgfQZNkkYIXAf3PlP2aq_7R6Q4ncR6/view?usp=sharing

ပြိုင်ပွဲ၀င်စည်းကမ်းချက်လင့်ခ်: https://drive.google.com/file/d/1Vf-gh1hMueiOT7MUvMJXO6THNM5ahWbw/view?usp=sharing

ပြိုင်ပွဲ အကြောင်းအရာ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသူတွေအနေနဲ့ကတော့ အောက်ဖော်ပြပါ လိပ်စာများမှ တစ်ဆင့်ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ။

HotLine 📞09-951982573

Email 📧cmscholar.info@gmail.com

Viber 📪 +95951982573

Telegram 📦 +95951982573