၁၃၂ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ်ဝှမ်း ပူးတွဲကင်းလှည့်ရေး ဆောင်ရွက်ချက် ပြီးမြောက်

(GMT+08:00)2023-08-28 14:44:42  

ဩဂုတ်လ ၂၅ရက်နေ့ နံနက်၁၀နာရီက တရုတ်ဘက်မှ စေလွှတ်ခဲ့သော ကင်းလှည့်သင်္ဘောသည် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင် အုပ်ချုပ်ရေးဒေသခွဲ ကျင်ဟာဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး ၁၃၂ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ်ဝှမ်း ပူးတွဲကင်းလှည့်ရေး တာဝန် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရပါသည်။ တပ်ဖွဲ့ဝင်များ၏ ပူးတွဲစွမ်းဆောင်မှုနှင့် ရုတ်တရက်ဖြစ်ပွားသောကိစ္စများကို အရေးပေါ်ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း အတူတကွ မြှင့်တင်ရန်အတွက် ယခုအကြိမ်ပူးတွဲ ကင်းလှည့်မှုတွင် ပါဝင်ခဲ့သော အမှတ်-၅၃၁၀၇ တရုတ် သင်္ဘောသည် မဲခေါင်မြစ်ဝှမ်း၌ လာအို၊ မြန်မာ၊ ထိုင်း ဥပဒေစိုးမိုးရေးဌာနများနှင့် ပူးပေါင်းပြီး လေ့ကျင့်ရေးတာဝန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းဒေသ၌ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ တားဆီးတိုက်ဖျက်ရန် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာန ရေပေါ်ကင်းလှည့် တပ်ဖွဲ့ချုပ်မှသတင်းကို ကိုးကား၍ China Media Groupက ရေးသားဖော်ပြပါသည်။