တရုတ်ရေတပ် Peace Ark ဆေးရုံသင်္ဘော သည် ဆော်လမွန်ကျွန်းစုမှ အရှေ့တီမောသို့ ထွက်ခွာ

(GMT+08:00)2023-08-28 12:22:01  

သြဂုတ်လ ၂၆ ရက်နေ့တွင် တရုတ်ရေတပ်၏ Peace Ark ဆေးရုံသင်္ဘောသည် ဆော်လမွန်ကျွန်းစုပေါ်မှာ ချစ်ကြည်ရေး လည်ပတ်မှု ပြီးမြောက်ပြီး စီစဉ်ထားသည့်အတိုင်း နောက်ဆုံးနေရာ အရှေ့တီမောသို့ သွားရောက်မည်ဖြစ်ပါသည်။ ဆော်လမွန်ကျွန်းစုခရီးစဉ်အတွင်း Peace Ark ဆေးရုံသင်္ဘော သည် ဒေသခံပြည်သူများ၊ တရုတ်အဖွဲ့အစည်းမှဝန်ထမ်းများ၊ တရုတ်အနွယ်ဖွားများအတွက် အခမဲ့ဆေးကုသပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးဆောင်ရန်၊ အရေးကြီးသော ရောဂါများ စုပေါင်းကုသရန်နှင့် ပညာရပ်ဆိုင်ရာ ကူးလူးဖလှယ်ရန် ဆေးအဖွဲ့များစွာကို စေလွှတ်ကာ စုစုပေါင်း လူနာ ၁ သောင်း ကျော်ကုသခဲ့သည်ဟု သိရပါသည်။