အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှု လျှော့ချရန် ရောင်းဝယ်မှုတွင် ပြည်တွင်းသုံးငွေ အသုံးပြုခြင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုး

(GMT+08:00)2023-08-26 16:27:48  

ဒေသစံတော်ချိန် ယခုလ ၂၅ ရက်နေ့က ၁၀ ကြိမ်မြောက် အာဆီယံဘဏ္ဍရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ကျင်းပခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဗဟိုဘဏ်များသည် အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှု လျှော့ချရန်အတွက် ရောင်းဝယ်မှုတွင် ပြည်တွင်းသုံးငွေ အသုံးပြုခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်ဟု သတင်းအရသိရပါသည်။