တရုတ်၊ထိုင်း၊မြန်မာ၊လာအိုမှရဲများသည် လောင်းကစားလိမ်လည်မှု ဂိုဏ်းအဖွဲ့များအား တိုက်ဖျက်ရေး သီးသန့်ပူးပေါင်းဆောင်ရွက်မှု စတင်ပြုလုပ်

(GMT+08:00)2023-08-19 11:23:05  

ဩဂုတ်လ ၁၅ရက်နေ့မှ၁၆ရက်နေ့အထိ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံရဲဌာနချုပ်နှင့် လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့သည် ဒေသတွင်း လောင်းကစားလိမ်လည်မှုနှင့်၎င်းနှင့် ဆက်စပ်သောလူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနှင့် တရားမဝင်ချုပ်နှောင်မှု စသည့်ရာဇဝတ်မှုများကို စတင်တိုက်ဖျက်ရန် သီးသန့်ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပူးတွဲကျင်းပခဲ့ပါသည်။