ဝမ်ယိသည် လာအို ဒုသမ္မတ၊ ဗီယက်နမ် ဒုဝန်ကြီးချုပ်နှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2023-08-17 14:25:51  

ယခုလ ၁၆ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟို ကော်မတီ နိုင်ငံခြားရေးရာရုံး ဥက္ကဋ္ဌ ဝမ်ယိသည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ကူမင်းမြို့သို့ ရောက်ရှိလာသော လာအို နိုင်ငံတော် ဒုသမ္မတ Pany Yathotou၊ ဗီယက်နမ် ဒုဝန်ကြီးချုပ် Tran Luu Quangနှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

Pany Yathotouက လာအိုသည် တရုတ်နှင့် လက်တွဲပြီး ပါတီနှစ်ခုနှင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ အရေးကြီး သဘောတူညီမှုများကို လက်တွေ့ဖော်ဆောင်ကာ လာအို-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်လိုကြောင်း ပြောကြားပါသည်။

ဝမ်ယိက တရုတ်ပြည်သည် လာအိုနှင့် အတူ ထိပ်သီးခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီမှုများကို အကောင်အထည်ဖော်ဆောင်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေး အောင်ကျိုးရလဒ်များ ရရှိကာ နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းမြေ့သာယာမှုများကို ဖန်တီးပေးရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။

Tran Luu Quangနှင့် တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက နှစ်ဖက်တို့သည် လာမည့်အဆင့်ကာလတွင် အဆင့်မြင့် ကူးလူးဖလှယ်မှု အတွက် ပြင်ဆင်ရေး လုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်ပြီး မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေသင့်ကြောင်း ပြောကြားပါသည်။

Tran Luu Quangက ဗီယက်နမ်သည် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်းနှင့် သတိထားကြောင်း၊ တရုတ်ဘက်နှင့် အဆင့်မြင့် ကူးလူးဖလှယ်မှုကို အားဖြည့်ဆောင်ရွက်ပြီး နယ်ပယ် အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့အပြင်၊ ဝမ်ယိသည် သီရိလင်္ကာ ဝန်ကြီးချုပ် Dinesh Gunawardena၊ နီပေါ ဒုသမ္မတ  Ram Sahay Prasad Yadavနှင့်လည်း အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရပါသည်။