ဝမ်ယိသည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြား

(GMT+08:00)2023-08-17 14:28:00  

ယခုလ ၁၆ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟို ကော်မတီ နိုင်ငံခြားရေးရာရုံး ဥက္ကဋ္ဌ ဝမ်ယိသည် ကူမင်းမြို့တွင် ကျင်းပသော သတ္တမ အကြိမ်မြောက် တရုတ်- တောင်အာရှ ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝမ်ယိက ယခုနှစ်သည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ကျင်းပခဲ့သည့် ၁၀နှစ် ပြည့်မြောက်သည့် နှစ် ဖြစ်ပြီး သမ္မတ ရှီကျင့်ဖိန်မှ Belt and Road အဆိုပြုချက်ကို တင်ပြခဲ့သည့် ၁၀နှစ် ပြည့်မြောက်သည့်နှစ်လည်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀နှစ် အတွင်း မိမိတို့သည် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေပြီး ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်ကို အတူတကွ ထိန်းသိမ်းကာကွယ်ကြကြောင်း၊ မိမိတို့သည် Belt and Road အတူ တည်ဆောက်ရေးကို ဆက်တိုက် ဆောင်ရွက်ပြီး အပြန်အလှန် ချိတ်ဆက်မှု၊ အခြေခံ အဆောက်အအုံ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ဝမ်းသာဖွယ်ကောင်းသော တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားပါသည်။

ဝမ်ယိက တရုတ်ပြည်သည် တောင်အာရှ နိုင်ငံများအား တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး အမြန်ရထားကို ဆက်လက် စီးပြီး တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးအမြတ်များကို မျှဝေရန် ကြိုဆိုကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

ထို့အပြင်၊ ဝမ်ယိသည် နယ်ပယ် ၄ခုတွင် နှစ်ဖက်တို့၏ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် ပတ်သက်၍ အကြံပြုချက်များကို တင်ပြခဲ့ပါသည်။ ယင်းအကြံပြုချက်များမှာ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေရန်၊ အပြန်အလှန် ချိတ်ဆက်မှု နက်ရှိုင်းစေရန်၊ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ လူမှု၊ ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှု နက်ရှိုင်းစေရန် ဖြစ်ကြောင်း သိရပါသည်။