ဖားကန့်ကျောက်စိမ်းတွင်းပြိုကျမှုကြောင့်လူ ၂၅ ဦးသေဆုံး

(GMT+08:00)2023-08-16 14:45:42  

မြန်မာနိုင်ငံမြောက်ပိုင်းဒေသကချင်ပြည်နယ်ဖားကန့်မြို့နယ်ရဲဘက်ကဖားကန့်ရှိကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မြေပြိုကျမှုကြောင့်သေဆုံးသူဦးရေ ၂၅ ဦးအထိတိုးများလာပြီးသေဆုံးသူများသည်     အမျိုးသားများဖြစ်ကြောင်းသြဂုတ်လ၁၅ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ယင်းကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွင်သြဂုတ်လ၁၃ရက်နေ့ကမြေပြိုမှုဖြစ်ခဲ့ပြီးသက်ဆိုင်ရာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုယခုအချိန်ထိဆောင်ရွက်ဆဲဖြစ်ပါသည်။

ဖားကန့်ဒေသသည်မြန်မာနိုင်ငံ၏ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပြီးမြေပြိုကျမှုများမကြာခဏဖြစ်ပေါ်ကာလူသေဆုံးဒဏ်ရာရရှိမှုများလည်းဖြစ်စေခဲ့ပါသည်။၂၀၁၅ခုနှစ်နိုဝင်ဘာလတွင်မြေပြိုကျမှုကြောင့်လူပေါင်း၁၁၀ကျော်သေဆုံးခဲ့ပြီး၂၀၂၀ပြည့်နှစ်ဇူလိုင်လတွင်မြေပြိုကျမှုနောက်ထပ်ဖြစ်ပွားပြီးလူ၁၇၀ကျော်သေဆုံးခဲ့ကြောင်းသိရပါသည်။