ဇင်အိုင် သန္တာကျောက်တန်း ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ တွန်းပေးသူက ဘယ်သူလဲ

(GMT+08:00)2023-08-09 15:46:01  

ဒီလ ၈ ရက်နေ့မှာ တရုတ်ပင်လယ်ရဲတပ် ဦးစီးဌာနက ဗီဒီယိုတို တစ်ခုကို ထုတ်ပြန်ပြီး ဗီဒီယိုတိုထဲမှာ မကြာခင်က တရုတ် ပင်လယ်ရဲတပ်က တရုတ်နိုင်ငံ နန်ဆား ကျွန်းစု ဇင်အိုင် သန္တာကျောက်တန်း အနီးသို့ ဝင်ရောက်လာတဲ့ ဖိလစ်ပိုင် ရေယာဉ်တွေကို မီးသတ်ပိုက်နဲ့ ရေဖျန်း သတိပေးခြင်းကို ပြသခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်များက အဲဒါဟာ တိုက်ရိုက် တားမြစ်ခြင်းကြောင့် ဖြစ်စေနိုင်တဲ့ တိုက်မိမှုကို ရှောင်ရှားဖို့အတွက် တရုတ်ပြည်ဘက်က ပြုလုပ်ခဲ့တဲ့ ဆောင်ရွက်မှု ဖြစ်ပြီး တရုတ်နိုင်ငံက နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ ပင်လယ် ရေးရာ အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သန္နိဋ္ဌာန်ကို ပြသတဲ့ တစ်ချိန်တည်းမှာ တရုတ်နဲ့ ဖိလစ်ပိုင် ဆက်ဆံရေးကိုလည်း ဂရုပြုတာကို ပြသကာ နိုင်ငံကြီး တစ်နိုင်ငံ အနေနဲ့ တာဝန် ကျေပွန်စွာ ထမ်းဆောင်ခြင်းကို ပြသထားတယ်လို့ သုံးသပ်ဖော်ပြကြပါတယ်။

   ဒါပေမဲ့ အဲဒီလို တရားဝင် ဖြစ်ပြီး တရားမျှတတဲ့ ပင်လယ်ပြင် အခွင့်အရေး ထိန်းသိမ်းရေးနဲ့ ဥပဒေ ကျင့်သုံးရေး ဆောင်ရွက်မှုဟာ အမေရိကန်မှ ထိုးနှက်မှုကို ခံခဲ့ရတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့က ကြေညာချက် ထုတ်ပြန်ပြီး တရုတ်ပြည်ရဲ့ ဆောင်ရွက်မှုဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်တယ်လို့ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခဲ့တယ်။

ကျွမ်းကျင်ပညာရှင်များက ဇင်အိုင် သန္တရာကျောက်တန်းဟာ တရုတ်နိုင်ငံ နန်စား ကျွန်းစုရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ် မေလမှာ ဖိလစ်ပိုင် ရေတပ်မှ ဟောင်းနွမ်းတဲ့ သင်္ဘောတစ်စင်းဟာ ဇင်အိုင် သန္တရာ ကျောက်တန်းကို ဝင်ရောက်ပြီး သင်္ဘောရဲ့ အောက်ကြမ်းခင်းနေရာမှာ ရေယိုနေလို့ မတတ်သာပဲ ဇင်အိုင် သန္တရာ ကျောက်တန်းမှာ သောင်တင်ရတယ်လို့ ဆိုခဲ့ကြောင်း၊ ဒီနောက်မှာ ဖိလစ်ပိုင်က ဒီသင်္ဘောကို ဆွဲသွားမယ်လို့ အကြိမ်ကြိမ် ကတိပြုခဲ့ပေမဲ့ သင်္ဘောကို ဆွဲသွားခြင်း မပြုဘဲ ကြီးမားသည့် ပြုပြင်မွမ်းမံမှုကို ပြုလုပ်ပြီး ရေရှည် သိမ်းပိုက်နိုင်ဖို့ ကြံဆ ခဲ့ကြောင်း၊ ဒီအကြိမ် အငြင်းပွားမှုဟာ အမေရိကန်က ဖိလစ်ပိုင်ကို အသုံးပြုပြီး အိန္ဒိယ ပစိဖိတ် မဟာဗျူဟာ ဆိုတာကို တွန်းအားပေးပြီး တရုတ်နိုင်ငံနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ ကြံဆနေတဲ့ အချိန်မှာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ အမေရိကန်က ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ အငြင်းပွားမှု ဖြစ်ပွားဖို့ သွေးထိုးလှုံ့ဆော်ပြီး ဒီထဲမှာ အကျိုး ရှာကြံဖို့ ကြံဆ နေကြောင်း၊ အမေရိကန်ဟာ တောင်ပင်လယ် ပြဿနာကို တရုတ်ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားဖို့ အသုံးပြုနိုင်တဲ့ ကိရိယာ အဖြစ် အသုံးပြုနေကြောင်း၊ တောင်ပင်လယ်ဟာ ပြင်ပ နိုင်ငံ တစ်ခုခုရဲ့ မဲလိုက်နေရာနဲ့ နိုင်ငံကြီးအကြား အားပြိုင်ရာနေရာ မဖြစ်သင့်ကြောင်း၊ တရုတ်နဲ့ အာဆီယံနိုင်ငံများ အနေနဲ့ ‘တောင်ပင်လယ် ဆောင်ရွက်ရေးမူ’ ဆိုင်ရာ တိုင်ပင်ဆွေးနွေမှုများကို တက်ကြွစွာ တွန်းအားပေးပြီး တောင်ပင်လယ် ပြဿနာ ဖြေရှင်းရေး ပြုလုပ်ပိုင်ခွင့်ကို ဒေသတွင်းနိုင်ငံများရဲ့ လက်ဝယ်မှာ ရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း သုံးသပ်ထားကြတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော် ပြ ထားပါတယ်။