ဖိလစ်ပိုင်မှ ခရီးသည်တင်သင်္ဘော တိမ်းမှောက်ပြီး လူ၂၁ ဦး ထက်မနည်း သေဆုံး

(GMT+08:00)2023-07-29 12:35:45  

ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ခရီးသည်တင် သင်္ဘောတစ်စင်းသည် Rizal ပြည်နယ် Binan Ao Nang မြို့အနီး ရေပြင်တွင် တိမ်းမှောက်သွားပြီး လူ ၂၁ ဦး ထက်မနည်း သေဆုံးခဲ့ကာ လူ ၄၀ဦး ကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူက ၂၇ ရက်နေ့က အတည်ပြု ပြေားကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ထိုနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ခရီးသည်တင် သင်္ဘောသည် လေပြင်းတိုက်ခြင်းကြောင့် ခရီးသည်များ ထိတ်လန့်သွားပြီး  သင်္ဘောတစ်ဖက်သို့ ပြေးသွားသဖြင့် သင်္ဘောကိုယ်ထည် ဟန်ချက်ပျက်ကာ Rizal ပြည်နယ် Binan Ao Nang မြို့အနီး ရေပြင်တွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။