ဘိုင်ဒန်၏ အိမ်မွေးခွေးက (၄)လအတွင်း သူလျှိုဝန်ထမ်း (၇)ဦးကို ကိုက်ခဲ့သည်ဟု နိုင်ငံခြားမီဒီယာမှ သတင်းထုတ်ပြန်

(GMT+08:00)2023-07-26 15:28:25  

ရုရှား Sputnik သတင်းအေဂျင်စီမှ သတင်းအရ  အမေရိကန်နိုင်ငံ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းရေးမှူး Karine Jean-Pierre က သမ္မတဘိုင်ဒန်နှင့် သူ့ဇနီးတို့၏ အိမ်မွေးခွေး ရန်လိုသည့် အကြောင်းရင်းဟာ အိမ်ဖြူတော်မှာ ဖိအားများ မြင့်မားနေသောကြောင့်ဖြစ်ပြီး သူလျှို ဝန်ထမ်းများ ခွေးကိုက်ခံရခြင်းသည် အလုပ်နှင့်ပတ်သက်သောဒဏ်ရာနှင့် ညီမျှပါကြောင်း ရှင်းပြပြောကြားခဲ့သည်ဟု ကိုးကားသတင်း ဝက်ဘ်ဆိုဒ်မှ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ဘိုင်ဒန်က “Commander”ဟု ချစ်စနိုးခေါ်သော အိမ်မွေးခွေးက (၄)လအတွင်း သူလျှိုဝန်ထမ်း (၇)ဦးကို ကိုက်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦး ဆေးရုံတင်ထားရကြောင်း အမေရိကန် "နယူးယောက်ပို့စ်"မှလည်း ယခင်က သတင်းထုတ်ပြန်ခဲ့ပါသည်။