ချင်ကမ်းသည် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် တွေ့ဆုံ

(GMT+08:00)2023-06-26 15:33:32  

      ယခုလ ၂၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကမ်းသည် တရုတ်နိုင်ငံတွင် ခရီးလှည့်လည်သော ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh နှင့် လိုက်ပါလာသည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့် ဘေကျင်းတွင် တွေ့ဆုံခဲ့ပါသည်။

    ချင်ကမ်းက ဝန်ကြီးချုပ် Pham Minh ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတွင် တွန်းအားသစ် ထည့်သွင်းမည်ဟု ယုံကြည် ပါကြောင်း၊ နှစ်ဖက်တို့သည် မဟာဗျူဟာကူးလူးဆက်ဆံမှုကို အားဖြည့်ပြုလုပ်ပြီး ဖွံ့ဖြိုးမှု မဟာဗျူဟာများကို မြှင့်တင်ကာ နှစ်နိုင်ငံ ဆက်ဆံမှုကို ပိုမိုတိုးတက်စေရန် တွန်းအားပေးကြရမည်ဖြစ် ကြောင်း ပြောကြာခဲ့ပါသည်။