တရုတ်ရေတပ်မှ Qi Jiguang သင်္ဘောသည် ဖိလစ်ပိုင်သို့ ရောက်ရှိပြီး ချစ်ကြည်ရေးခရီးစဉ်စတင်

(GMT+08:00)2023-06-15 15:21:28  

ဝေးလံသောပင်လယ်နှင့်ဒေသများသို့ သွားရောက်လည်ပတ်မှုတာဝန် ထမ်းဆောင်နေသည့် တရုတ် ရေတပ်မှ Qi Jiguang သင်္ဘောသည် ဇွန်လ ၁၄ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ၄ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ခဲ့ပါသည်။ ယခင်က ယင်းသင်္ဘောသည် ဗီယက်နမ်၊ ထိုင်းနှင့် ဘရူနိုင်းသို့ သွားရောက်ခဲ့ဖူးပါသည်။

Qi Jiguang သင်္ဘောသည် တရုတ်နိုင်ငံမှ ကိုယ်တိုင် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသည့် ဝန်တင်တန်ချိန်အကြီးဆုံးနှင့် ခေတ်မီဆုံး ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေးသင်္ဘော တစ်စင်းဖြစ်ပါသည်။