တရုတ်ဘက်မှ တာဝန်ယူ တည်ဆောက်မည့် ကမ္ဘောဒီးယား Phnom Penh-Bavet အဝေးပြေးကားလမ်း စတင်တည်ဆောက်ရေး အခမ်းအနား ကျင်းပ

(GMT+08:00)2023-06-08 14:23:44  

ဒေသစံတော်ချိန် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံမှ တာဝန်ယူ တည်ဆောက်မည့် ကမ္ဘောဒီးယား Phnom Penh-Bavet အဝေးပြေးကားလမ်း စတင် တည်ဆောက်ရေး အခမ်းအနားကို ကျင်းပခဲ့ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian တို့  တက်ရောက်ခဲ့ကြပါသည်။

Phnom Penh-Bavet အဝေးပြေးကားလမ်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယမြောက် အမြန်လမ်း ဖြစ်ပြီး အရှည်အလျားမှာ စုစုပေါင်း ၁၃၅ ကီလိုမီတာခန့် ရှိကာ BOT (Build-Operate-Transfer) ပုံစံကို အသုံးပြုမည်ဖြစ်ကြောင်း၊ ယင်းကားလမ်း တည်ဆောက်ရေး အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၃၈ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး ၄နှစ်ကြာ တည်ဆောက်မည် ဖြစ်ကာ ၊ သဘောတူညီချက် အရ နှစ် ၅၀ လည်ပတ်မည်ဖြစ်သည်။ ယင်းကားလမ်း၏အစမှာ ဖနွမ်းပင်မြို့ဖြစ်ပြီး၊ Kandal ပြည်နယ်၊ Prey Veng ပြည်နယ်နှင့် Svay Rieng ပြည်နယ်များကို ဖြတ်ကျော်ကာ ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ဒေသရှိ Bavet မြို့သို့ ရောက်ရှိမည်ဖြစ်သည်။