တရုတ် အာကာသစခန်းမှ စတုတ္ထအသုတ် အာကာသ သိပ္ပံပညာ စမ်းသပ်ရေး နမူနာများကို ကမ္ဘာမြေသို့ ပြန်လည် သယ်ဆောင်လာ

(GMT+08:00)2023-06-05 10:38:42  

   ဇွန်လ ၄ ရက်နေ့တွင် တရုတ် သိပ္ပံပညာ တံခွန်အသင်းကြီးမှ ထုတ်ပြန်သော သတင်းအရ တရုတ် အာကာသစခန်းမှ စတုတ္ထအသုတ် အာကာသ သိပ္ပံပညာ စမ်းသပ်ရေး နမူနာများကို ၄ ရက်နေ့တွင် ရှင်ကျိုး-၁၅ အာကာသယာဉ်၏ မော်ဂျူးဖြင့် ကမ္ဘာမြေသို့ ပြန်လည် သယ်ဆောင်လာခဲ့ကြောင်း၊ ၄ ရက်နေ့ ညနေပိုင်းတွင် ယင်းနမူနာများကို ပေကျင်း တရုတ်သိပ္ပံနည်းပညာ တံခွန်အသင်းကြီး၏ အာကာသလုပ်ငန်း အသုံးပြုရေး ပရောဂျက်နှင့်နည်းပညာစင်တာသို့ အရောက်ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာ စမ်းသပ်ရေး သိပ္ပံပညာရှင်များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း China Media Groupမှ သတင်းတွင် ဖော်ပြပါသည်။