ရှင်းကျန်းဖူဟိုင်ခရိုင်တွင် သန်းပေါင်းများစွာရှိ Altay သိုးများ ပြောင်းရွှေ့ရေးယဉ်ကျေးမှု ခရီးသွားပွဲတော်အခမ်းအနား ကျင်းပ

(GMT+08:00)2023-06-05 11:55:43  

    ယခုလ ၄ ရက်နေ့က သန်းပေါင်းများစွာရှိ Altay သိုးများ ပြောင်းရွှေ့ရေးယဉ်ကျေးမှု ခရီးသွားပွဲတော် ပြောင်းရွှေ့မှုအခမ်းအနားကို ရှင်းကျန်း Altay ဒေသ ဖူဟိုင်ခရိုင်တွင် ကျင်းပခဲ့ရာ၊ သိုးထိန်းသူများသည် ဒေသခံရိုးရာအဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ Altay သိုးများကို မောင်းကာ ရေနှင့် မြက်ပေါများလှသော တောင်မြင့်ပေါ်ရှိ နွေရာသီ ကျက်စားရာ နေရာသို့ ပြောင်းရွှေ့နေကြသည်ဟု သတင်းအရသိရပါသည်။