တရုတ်စိချွမ်းပြည်နယ်ဂျင်းခိုဟိုတွင် တောင်ပြိုကျမှုဖြစ်ပွါးပြီးလူ ၁၉ ဦး သေဆုံး

(GMT+08:00)2023-06-05 10:45:38  

ဇွန်လ ၄ ရက်နေ့ ၆ နာရီခန့်တွင် တရုတ်စိချွမ်းပြည်နယ်လဲ့ရှမ်းမြို့ဂျင်းခိုဟိုတွင် တောင်ပြိုကျမှု ဖြစ်ပွားခဲ့သည်။ ဒေသခံ ကယ်ဆယ်ရေးသမား ၆၀၀ ကျော်သည် ပရော်ဖက်ရှင်နယ် ကယ်ဆယ်ရေးပစ္စည်းမျိုးစုံဖြင့် ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ၄ ရက်နေ့ ည  ၈ နာရီအထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးခဲ့သည်။ ယခုအကြိမ်တောင်ပြိုကျမှုတွင် လူ ၁၉ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကာ တောင်ပြိုကျမှု၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါသည်။