ဂျုံရိတ်သိမ်းရန် နေ့ရောညပါ အလုပ်များနေ

(GMT+08:00)2023-06-04 13:18:10  

 ဇွန်လ ၃ ရက်နေ့ ညပိုင်းမှ ၅ရက်နေ့အထိ နွေပေါ်သီးနှံ အဓိကထွက်နေရာ အန်းဟွေး ပြည်နယ်တွင် မိုးရွားသွန်းမည်ဟု မိုးလေဝသဌာနမှ ခန့်မှန်းချက်အရသိရပါသည်။ လက်ရှိ အချိန်သည် အန်းဟွေးပြည်နယ် ဂျုံရိတ်သိမ်းရန် သော့ချက်ကျသော ကာလဖြစ်သဖြင့်၊ ဒေသ များစွာတွင် ဂျုံရိတ်အလုပ်ကို နေ့ရောညပါ အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိကြသည်ဟု သတင်းအရသိရပါသည်။