ယူနန်ပြည်နယ်တွင် ရထားလမ်းဟောင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ

(GMT+08:00)2023-06-04 13:18:27  

    တရုတ်ပြည် ယူနန်ပြည်နယ် ဟုန်ဟို ဟာနီ တိုင်းရင်းသားနှင့် ယီ တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသခွဲ အတွင်းရှိ ကို့ကျို့-ဘိစေ့ကျိုက်-လင်အန်း (ယခု“ကျန့်ရွှေ”)-ရှီဖိန် မီးရထားလမ်းသည် ၁၉၁၅ခုနှစ်က စတင် ဖောက်လုပ်ခြင်း ဖြစ်ပြီး ကို့ကျို့ဒေသတွင် ခဲမဖြူ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ဖူး ပါသည်။ ၂၀၁၅ခုနှစ် မှစ၍ ကျန့်ရွှေနှင့် ရှီဖိန် ခရိုင်၂ခုတွင် ခရီးသွား သီးသန့် ရထား ရှေ့ဆင့်နောက်ဆင့် လည်ပတ်ပြီး ခရီးသွားလိုင်းသစ် ဖွင့်လှစ်ကာ ခရီးသည် များစွာကို လာရောက် လည်ပတ်ရန် ဆွဲဆောင်နိုင်ခဲ့ပါသည်။