RCEPသည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းသစ် ဆောင်ကြဉ်းပေးမည်ဟု ဖိလစ်ပိုင် အရာရှိများ မျှော်လင့်

(GMT+08:00)2023-06-04 13:17:08  

 RCEP သည် ဇွန်လ ၂ ရက်နေ့မှစ၍ ဖိလစ်ပိုင်းနိုင်ငံတွင် တရားဝင် အာဏာဖြစ်တည် လာခဲ့ပါသည်။ ဖိလစ်ပိုင်အရာရှိများက RCEPသည် ဖိလစ်ပိုင်စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပိုမိုများပြားသော အခွင့်အလမ်းများဆောင်ကြဉ်းပေးပြီး ဒေသတွင်းစီးပွားရေး တပြေးညီဖြစ် စေရန် အရှိန်မြှင့် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့ကြပါသည်။ ဖိလစ်ပိုင်မှ လယ်ယာထွက်ကုန်များ၊ မော်တော်ယာဉ်အစိတ်အပိုင်း ပစ္စည်းများနှင့် အဝတ် အစားများသည် RCEPမှ အကျိုးအမြတ်ရရှိမည်ဖြစ်ပြီး၊ ယင်းသည် ဖိလစ်ပိုင်သက်ဆိုင်ရာ လုပ်ငန်းများ၏ နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်အတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။