တစ်ကမ္ဘာလုံးတွင် တစ်ကောင်တည်းသော အဖြူရောင်ပန်ဒါဝက်ဝံ မျက်နှာအတည့်ပုံအား ပထမဆုံးအကြိမ် ထုတ်ပြန်

(GMT+08:00)2023-06-03 15:20:47  

မေလ ၂၇ ရက်နေ့တွင် တရုတ်ပြည် စီချွမ်းပြည်နယ် ဝေါ့လုန်အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးဇုန် စီမံခန့်ခွဲရေးဌာနသည် ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးတွင် တစ်ကောင်တည်းသော အဖြူရောင်ပန်ဒါဝက်ဝံမျက်နှာအတည့်ပုံအား ထုတ်ဖော်ပြသခဲ့သည်။ ဗီဒီယိုအတွင်း၌ အဖြူရောင်ပန်ဒါဝက်ဝံ၏ ပန်းဖျော့ရောင်မျက်ဝန်းနှင့် ပန်းရောင်မျက်ခမ်းတို့သည် စူးရှတောက်ပနေပြီး မျက်ကွင်းညိုမရှိသဖြင့် စောစောအိပ်စောစောထသည့် ပန်ဒါဝက်ဝံကြီး အလားပင်ဖြစ်သည်။