Xilingolရှိ မြက်ခင်းဒေသတွင် alpacas တစ်ထောင်ကျော်ကို မွေးမြူထားခြင်း

(GMT+08:00)2023-06-03 15:23:27  

မကြာခင်က ချီလီနိုင်ငံမှ တင်သွင်းလာသော alpacas ကောင်ရေ ၁၀၀၀ကျော်သည် တရုတ်ပြည် အတွင်း မွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ရှီလင်ကိုလယ်(Xilingol) ဒေသခွဲရှိ မွေးမြူရေး အခြေစိုက်စခန်း တွင် အခြေချ နေထိုင်ကျက်စားခဲ့ကြပါသည်။ alpacasတို့သည် ကုန်းပြင်မြင့်ဒေသနှင့် မိုးခေါင်သော ရာသီဥတုနှင့်ဒေသတွင် လိုက်လျောညီထွေစွာ နေထိုင်ကျက်စားနိုင်ပြီး စီးပွားရေးတန်ဖိုးနှင့် ဂေဟစနစ်အကျိုးစီးပွား များစွာရှိပါသည်။