တရုတ်ပြည်၏ “ယဉ်ကျေးမှု ဆိုင်ရာ အထင်ကရ အဆောက်အအုံ”၂ခုသို့ ရှီကျင့်ဖိန်က ကြည့်ရှုလေ့လာြခင်းသည် မည်သည့် နက်ရှိုင်းသော အနက်အဓိပ္ပါယ် ရှိသနည်း

(GMT+08:00)2023-06-03 15:14:48  

ယခုလ ၁ရက်နေ့နှင့် ၂ရက်နေ့တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ် အမျိုးသား စာအုပ်၊ စာနယ်ဇင်း ပုံနှိပ်ထုတ်ဝေခြင်းနှင့် ယဉ်ကျေးမှု မော်ကွန်းတိုက် (China National Archives of Publications and Culture)နှင့် တရုတ် သမိုင်း ပညာ အကယ်ဒမီ(Chinese Academy of History)သို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်ကြည့်ရှု လေ့လာပြီး ယဉ်ကျေးမှု ဆက်ခံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကာ တရုတ် အမျိုးသား၏ ခေတ်မီသော ယဉ်ကျေးမှု တည်ဆောက်ရန် ပထမဆုံး အကြိမ် တင်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်၏ ၄င်းကြည့်ရှုလေ့လာြခင်းသည် နက်ရှိုင်းသော အနက်အဓိပ္ပါယ် ရှိပါသည်။ ယင်းနှင့် ပတ်သက်၍ ရှီကျင့်ဖိန်က “မိမိတို့ ရှိနေသော ဤခေတ်ကာလတွင် ဤအရေးကြီးကိစ္စကို ကောင်းမွန်စွာ ဆောင်ရွက်ရမည်”ဟု ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန် ပြောဆိုသည့် “မိမိတို့ ရှိနေသော ဤခေတ်ကာလ”သည် ၂၀၁၂ခုနှစ် နောက်ပိုင်းတွင် တရုတ်ပြည် ဖွင့်လှစ်ခဲ့သော အချိန်ကာလသစ်ပင် ဖြစ်ပါသည်။ ရှီကျင့်ဖိန် ပြောဆိုသည့် “ဤအရေးကြီးကိစ္စ”သည် ခေတ်ကာလသစ်တွင် ယဉ်ကျေးမှုသစ်ကို ဖန်တီးခြင်းနှင့် တရုတ် အမျိုးသား၏ ခေတ်မီသော ယဉ်ကျေးမှု တည်ဆောက်ခြင်း ဖြစ်ပါသည်။