ရှီကျင့်ဖိန်သည် ယဉ်ကျေးမှု ဆက်ခံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်

(GMT+08:00)2023-06-03 15:13:48  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဌ ရှီကျင့်ဖိန်သည် ယခုလ ၂ရက်နေ့က ပေကျင်းတွင် ယဉ်ကျေးမှု ဆက်ခံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းလည်း ပြောကြားခဲ့ပါသည်။

၄င်းက အစပြုရာသစ်တွင် ယဉ်ကျေးမှု စည်ပင်သာယာရေးကို တွန်းအားပေးရန်၊ ယဉ်ကျေးမှု ထွန်းကားသော နိုင်ငံကို တည်ဆောက်ရန်နှင့် တရုတ် အမျိုးသား၏ ခေတ်မီသော ယဉ်ကျေးမှု တည်ဆောက်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်ခြင်းသည် ခေတ်ကာလသစ် တွင် မိမိတို့၏ ယဉ်ကျေးမှု လုပ်ငန်းတာဝန်သစ် ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဆိုင်ရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ခိုင်မာပြတ်သားစေပြီး လုပ်ငန်းတာဝန်ကို ထမ်းဆောင်ကာ ခေတ်ကာလသစ်တွင် ယဉ်ကျေးမှုသစ်ကို ဖန်တီးရန်နှင့် တရုတ် အမျိုးသား၏ ခေတ်မီသော ယဉ်ကျေးမှုကို တည်ဆောက်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။