
ဇွန်လ ၂ ရက်နေ့မှစ၍ “ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှုသဘောတူစာချုပ်” (RCEP)သည် ဖိလစ်ပိုင်နိုင်ငံအတွက် တရားဝင် အာဏာတည်မည်ဖြစ်ပါသည်။ ယခုအချိန်အထိ RCEP လက်မှတ်ရေးထိုးထားသည့် ၁၅ နိုင်ငံစလုံးတွင် အာဏာတည်ခဲ့ပြီဖြစ်ပြီးအချင်းချင်းအကောက်ခွန်လျှော့ပေးမှုများကိုအကောင်အထည်ဖော်ဆောင်မည်ဖြစ်ပါသည်။ ယင်းသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး၊စီးပွားကုန်သွယ်မှုအတိုင်းအတာအကြီးမားဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာအများဆုံးဖြစ်သည့် လွတ်လပ်သောကုန်သွယ်ရေးဇုန်သည် အပြည့်အဝအကောင်အထည်ဖော်မှုအဆင့်ကာလသစ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းပြသထားပါသည်။









