အမေရိကန်ရဲ့ “သတ္တိကြောင်သူဂိမ်း”ယာယီရပ်စဲ၊ ဈေးကွက်ရဲ့ စိုးရိမ် ပူပန်ခြင်းစတင်

(GMT+08:00)2023-06-02 15:10:58  

အမေရိကန် အောက်လွှတ်တော်ကအများဆုံးကြွေးမြီကန့်သတ်ချက် Debt Ceiling ဥပဒေကြမ်းကိုမဲပေးဆုံးဖြတ်တဲ့ နည်းလမ်းနဲ့ အတည်ပြုခဲ့ပြီးနောက် နိုင်ငံတကာမီဒီယာများက “စစ်ပွဲယာယီရပ်စဲပေမယ့် အဆုံးသတ်ဖို့တော့ ဝေးနေပါသေးတယ်”လို့ ဇွန်လ ၁ ရက်နေ့မှာအသီးသီးမှတ်ချက် ပြုခဲ့ကြပါတယ်။ 

ဥပဒေကြမ်းမှာအများဆုံး ကြွေးမြီကန့်သတ်ချက် Debt Ceiling ဥပဒေကြမ်းရဲ့ အသက်ဝင်ချိန်ကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရွှေ့ဆိုင်းထားပြီး ၂၀၂၄နဲ့ ၂၀၂၅ ဘဏ္ဍာရေးနှစ်ရဲ့ သုံးငွေကိုလည်းကန့်သတ်မှုပြုလုပ်ထားပါတယ်။ အကယ်၍ ဆက်လက်ပြီးတော့ ဥပဒေကြမ်းကိုအထက်လွှတ်တော်မှာအတည်ပြုပြီးသမ္မတလက်မှတ်ရေးထိုးပြီးအသက်ဝင်ခဲ့ရင်လည်း ပြဿနာကိုတကယ် ဖြေရှင်းနိုင်ပါမလား။

လက်ရှိအချိန်မှာအမေရိကန်ရဲ့ နိုင်ငံ့ကြွေးမြီများဟာနိုင်ငံတကာ ကြွေးမြီလက်မှတ် ဈေးကွက်များကိုစိုးမိုးနေပြီးတကယ်လို့ အမေရိကန်ရဲ့ ကြွေးမြီများကတိပျက်ပါကအမေရိကန် အပါအဝင် တစ်ကမ္ဘာလုံးအဖို့ သေချာပေါက် ဘေးအန္တရာယ်ကြီးဖြစ်စေမှာဖြစ်ပါတယ်။ အခုအမေရိကန်ကပေးထားတဲ့ ပြဿနာဖြေရှင်းရေးအစီအစဉ်ဟာအများဆုံး ကြွေးမြီကန့်သတ်ချက် Debt Ceiling ကိုနှစ်နှစ်ကြာယာယီရပ်တန့်ခြင်းဖြစ်ပါတယ်။ ဆိုလိုတာကအမေရိကန်အစိုးရဟာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းအထိအထက်ပါ ကန့်သတ်ချက်ကိုခံဖို့ မလိုဘဲ ကြွေးမြီများဆက်လက်တင်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီဖြေရှင်းရေးနည်းလမ်းဟာအရင်းခံကနေ ပြဿနာကိုဖြေရှင်းခြင်းမရှိဘဲပြောင်းပြန်ပြီးအမေရိကန်ရဲ့ အကြွေးများခေါင်ခိုက်နေခြင်းအခြေအနေကိုပိုမိုဆိုးဝါးစေမည်သာဖြစ်ပါတယ်။ သက်ဆိုင်ရာသုံးသပ်ချက်အရအမေရိကန်ရဲ့ ကြွေးမြီပမာဏဟာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင်သမိုင်းမှာအများဆုံးဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အများဆုံး ကြွေးမြီကန့်သတ်ချက် Debt Ceiling ဥပဒေကြမ်းအတည်ပြုခြင်းဟာဈေးကွက်ရဲ့ စိုးရမ်ပူပန်မှုစတင်ခြင်းပဲဖြစ်တယ်လို့ လူအများကဆိုကြပါတယ်။

ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ်နဲ့ အမေရိကန်ရဲ့ စီးပွားရေးအဓိကဂိမ်းညွှန်းများဆက်တိုက် ကျဆင်းပြီးဘဏ်လုပ်ငန်းများမတည်မငြိမ် ဖြစ်နေကာကမ္ဘာကြီးအတွက် မရေရာမှုအမျိုးမျိုးကိုဆောင်ကြဉ်းလာပါတယ်။ လပေါင်းများစွာဖြစ်ခဲ့တဲ့ အမေရိကန် ကြွေးမြီအကျပ်အတည်းလည်းဈေးကွက်များကိုပြင်းပြင်းထန်ထန် ဂယက်ရိုက်ခတ်နေပါတယ်။ အဲဒီလိုထပ်ခါတလဲလဲဖြစ်နေတဲ့ “သတ္တိကြောင်သူဂိမ်း”မှာဘယ်သူကကမ္ဘာ့စီးပွားရေးလုံခြုံမှုဆိုင်ရာအဓိကအန္တရာယ် ဖြစ်သလဲဆိုတာလူတိုင်းသိကြပါပြီလို့ China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖော်ပြ ထားပါတယ်။